ဟိႏၵဴဘာသာဝင္မ်ား၏ ၾကည္ႏူးေပ်ာ္ရႊင္ဖြယ္ ဒီပါဝလီ မီးထြန္းပြဲေတာ္ေန႔မွာ က်န္းမာေပ်ာ္ရႊင္ၾကပါေစရွင္...
.
ဒီပါဝလီေန႔ကို နိုင္ငံအေတာ္မ်ားမ်ားမွာတရားဝင္ အစိုးရ႐ုံးပိတ္ရက္အျဖစ္ သတ္မွတ္ထားၿပီးျမန္မာနိုင္ငံတြင္လည္း ႐ုံးပိတ္ရက္အျဖစ္ အသိမွတ္ျပဳထားေသာေန႔ရက္တစ္ရက္ျဖစ္ပ
ါတယ္။
.
`ဒီပ´ ဆိုသည္မွာ မီး၏အလင္းေရာင္ဟု အဓိပၸါယ္ရၿပီး`ဒီပဝါလီ´ ဆိုသည္မွာဆီမီးထြန္းညႇိပူေဇာ္ျခင္းဟုဆိုပါသည္။
.
မီးပူေဇာ္ျခင္းက အလင္းျဖင့္ အေမွာင္ကို ခြင္းနိုင္သကဲ့သို႔ အဆိုးအညံ့မ်ားရွိခဲ့ပါက ေကာင္းျခင္းတို႔ေရာက္လာျခင္း၊ လက္မွိုင္ခ်ေနရတဲ့ အေျခေနမ်ားအား ေမၽွာ္လင့္ခ်က္မ်ား ရရွိလာေစျခင္းဆိုသည့္ အဓိပၸါယ္မ်ားယုံၾကည္ခ်က္မ်ားျဖင့္ မီးပူေဇာ္ၾကျခင္းျဖစ္ပါသည္။
.
ဒ့ါေၾကာင့္ ေဒပဝါလီညတြင္ အိမ္ရွိ ဝင္ေပါက္ ထြက္ေပါက္ တံခါး၊ ျပတင္းေပါက္ႏွင့္ အေဆာက္အအုံမ်ားအနီးပတ္ခ်ာလည္တို႔တြင္ဆီမီးထြန္းညႇိ ပူေဇာ္ၾကပါသည္။
.
ဒီပဝါလီည မေရာက္ခင္မွာ ဘာသာဝင္မ်ားက အိမ္သန႔္ရွင္းျခင္း၊ ကိုယ္လက္သန႔္စင္ျခင္းတို႔ ျပဳလုပ္ၿပီး ဒီပဝါလီညကို ႀကိဳဆိုၾကပါသည္။
.
အိႏၵိယတြင္ ဒီပါဝလီေန႔၌ စီးပြားေရးလုပ္ငန္းမ်ား ေငြေၾကးစာရင္းေဟာင္းမ်ားပိတ္၍ စာရင္းသစ္ဖြင့္သည့္ေန႔အျဖစ္ သတ္မွတ္ခံယူၾကသည္။
.
ေႂကြးၿမီမ်ားကိုလည္း ဒီပါဝလီေန႔မတိုင္ခင္ ရွင္းလင္းၾကၿပီး ဒီပါဝလီေန႔တြင္လုပ္ငန္းမ်ားနားၾကကာ ေနာက္ေန႔တြင္ စာရင္းသစ္ဖြင့္လွစ္ေလ့ရွိသည္။
.
စာရင္းသစ္ဖြင့္ရာတြင္ေသာအခါ ဒီပါဝလီညက ပူေဇာ္ပြဲတြင္ အသုံးျပဳထားေသာ မွင္အိုးအသစ္ ကေလာင္အသစ္ စာအုပ္အသစ္တို႔ကို မဂၤလာရွိေသာပစၥည္းမ်ားအျဖစ္ မွတ္ယူကာ အသုံးျပဳၾကသည္။
.
ဒီပါဝလီေန႔တြင္အေရာင္းအဝယ္မ်ားနားသျဖင့္တစ္ႏွစ္စာ ပိုက္ဆံမ်ားကို ပိုက္ဆံေသတၱာတြင္ထည့္ကာကုေဝရနတ္မင္းႀကီးထံ အပ္ႏွံ၍ ေစာင့္ေရွာက္မႈ ခံယူသည္။
.
ေရႊျပားေငြျပားမ်ားကို ျဖန႔္ခင္းကာ လက္ခ္်မီးမယ္ေတာ္အတြက္ အခင္းအျဖစ္ပူေဇာ္ၾကသည္။
.
လက္ခ္်မီးမယ္ေတာ္မွ အခင္းအျဖစ္ ထိုင္ေတာ္မူသြားသျဖင့္ ေရႊေငြရတနာမ်ားသည္ က်က္သေရမဂၤလာျပည့္စုံကာဝတ္ဆင္သူမ်ား ကိုင္တြယ္အသုံးျပဳသူမ်ား၊မယ္ေတာ္၏ တန္ခိုးေတာ္ေၾကာင့္ က်မ္းမာခ်မ္းသာကာေဘးအႏၲရာယ္ကင္းသည္ဟု ယူဆၾကသည္။
.
အေရာင္းအဝယ္စီးပြားေရးလုပ္ရာတြင္ အသုံးျပဳေသာ ခ်ိန္ခြင္၊ ကတၱား၊ ကိုက္တံ၊ ေပတံ၊ ေပႀကိဳး ခ်င္ခြက္၊ ျပည္ေတာင္း၊ တင္းေတာင္းမ်ားကိုလည္း
ေသခ်ာေဆးေၾကာသန႔္စင္ကာ တုလာေဒဝီမယ္ေတာ္ကို ပင့္ဖိတ္ကာ ပူေဇာ္အပ္ႏွံၿပီး အေရာင္းအဝယ္ေကာင္းပါေစေၾကာင္း အလႉဒါနမ်ားစြာ ျပဳနိုင္ရပါေစေၾကာင္း ဆုေတာင္းၾကသည္။
.
ပူေဇာ္ရွိခိုးရာေနရာတြင္လည္း ညလုံးေပါက္ဆီမီးမ်ားထြန္းညႇိကာ တညလုံး က်မ္းစာမ်ား ရြတ္ဖတ္ၾကသည္။
.
ထို႔ကဲ့သို႔ ညလုံးေပါက္ ပူေဇာ္ၾကၿပီး ဆီမီးမ်ား ထိန္ထိန္ၿငီးေအာင္ ထြန္းညႇိထားေသာညျဖစ္သျဖင့္ ဒီပဝါလီဟု ေခၚဆိုျခင္းျဖစ္ပါတယ္...
.
+Uni
.
ဟိန္ဒူဘာသာဝင်များ၏ ကြည်နူးပျော်ရွှင်ဖွယ် ဒီပါဝလီ မီးထွန်းပွဲတော်နေ့မှာ ကျန်းမာပျော်ရွှင်ကြပါစေရှင်...
.
ဒီပါဝလီနေ့ကို နိုင်ငံအတော်များများမှာတရားဝင် အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားပြီးမြန်မာနိုင်ငံတွင်လည်း ရုံးပိတ်ရက်အဖြစ် အသိမှတ်ပြုထားသောနေ့ရက်တစ်ရက်ဖြစ်ပါတယ်။
.
`ဒီပ´ ဆိုသည်မှာ မီး၏အလင်းရောင်ဟု အဓိပ္ပါယ်ရပြီး`ဒီပဝါလီ´ ဆိုသည်မှာဆီမီးထွန်းညှိပူဇော်ခြင်းဟုဆိုပါသည်။
.
မီးပူဇော်ခြင်းက အလင်းဖြင့် အမှောင်ကို ခွင်းနိုင်သကဲ့သို့ အဆိုးအညံ့များရှိခဲ့ပါက ကောင်းခြင်းတို့ရောက်လာခြင်း၊ လက်မှိုင်ချနေရတဲ့ အခြေနေများအား မျှော်လင့်ချက်များ ရရှိလာစေခြင်းဆိုသည့် အဓိပ္ပါယ်များယုံကြည်ချက်များဖြင့် မီးပူဇော်ကြခြင်းဖြစ်ပါသည်။
.
ဒ့ါကြောင့် ဒေပဝါလီညတွင် အိမ်ရှိ ဝင်ပေါက် ထွက်ပေါက် တံခါး၊ ပြတင်းပေါက်နှင့် အဆောက်အအုံများအနီးပတ်ချာလည်တို့တွင်ဆီမီးထွန်းညှိ ပူဇော်ကြပါသည်။
.
ဒီပဝါလီည မရောက်ခင်မှာ ဘာသာဝင်များက အိမ်သန့်ရှင်းခြင်း၊ ကိုယ်လက်သန့်စင်ခြင်းတို့ ပြုလုပ်ပြီး ဒီပဝါလီညကို ကြိုဆိုကြပါသည်။
.
အိန္ဒိယတွင် ဒီပါဝလီနေ့၌ စီးပွားရေးလုပ်ငန်းများ ငွေကြေးစာရင်းဟောင်းများပိတ်၍ စာရင်းသစ်ဖွင့်သည့်နေ့အဖြစ် သတ်မှတ်ခံယူကြသည်။
.
ကြွေးမြီများကိုလည်း ဒီပါဝလီနေ့မတိုင်ခင် ရှင်းလင်းကြပြီး ဒီပါဝလီနေ့တွင်လုပ်ငန်းများနားကြကာ နောက်နေ့တွင် စာရင်းသစ်ဖွင့်လှစ်လေ့ရှိသည်။
.
စာရင်းသစ်ဖွင့်ရာတွင်သောအခါ ဒီပါဝလီညက ပူဇော်ပွဲတွင် အသုံးပြုထားသော မှင်အိုးအသစ် ကလောင်အသစ် စာအုပ်အသစ်တို့ကို မင်္ဂလာရှိသောပစ္စည်းများအဖြစ် မှတ်ယူကာ အသုံးပြုကြသည်။
.
ဒီပါဝလီနေ့တွင်အရောင်းအဝယ်များနားသဖြင့်တစ်နှစ်စာ ပိုက်ဆံများကို ပိုက်ဆံသေတ္တာတွင်ထည့်ကာကုဝေရနတ်မင်းကြီးထံ အပ်နှံ၍ စောင့်ရှောက်မှု ခံယူသည်။
.
ရွှေပြားငွေပြားများကို ဖြန့်ခင်းကာ လက်ခ်ျမီးမယ်တော်အတွက် အခင်းအဖြစ်ပူဇော်ကြသည်။
.
လက်ခ်ျမီးမယ်တော်မှ အခင်းအဖြစ် ထိုင်တော်မူသွားသဖြင့် ရွှေငွေရတနာများသည် ကျက်သရေမင်္ဂလာပြည့်စုံကာဝတ်ဆင်သူများ ကိုင်တွယ်အသုံးပြုသူများ၊မယ်တော်၏ တန်ခိုးတော်ကြောင့် ကျမ်းမာချမ်းသာကာဘေးအန္တရာယ်ကင်းသည်ဟု ယူဆကြသည်။
.
အရောင်းအဝယ်စီးပွားရေးလုပ်ရာတွင် အသုံးပြုသော ချိန်ခွင်၊ ကတ္တား၊ ကိုက်တံ၊ ပေတံ၊ ပေကြိုး ချင်ခွက်၊ ပြည်တောင်း၊ တင်းတောင်းများကိုလည်း
သေချာဆေးကြောသန့်စင်ကာ တုလာဒေဝီမယ်တော်ကို ပင့်ဖိတ်ကာ ပူဇော်အပ်နှံပြီး အရောင်းအဝယ်ကောင်းပါစေကြောင်း အလှူဒါနများစွာ ပြုနိုင်ရပါစေကြောင်း ဆုတောင်းကြသည်။
.
ပူဇော်ရှိခိုးရာနေရာတွင်လည်း ညလုံးပေါက်ဆီမီးများထွန်းညှိကာ တညလုံး ကျမ်းစာများ ရွတ်ဖတ်ကြသည်။
.
ထို့ကဲ့သို့ ညလုံးပေါက် ပူဇော်ကြပြီး ဆီမီးများ ထိန်ထိန်ငြီးအောင် ထွန်းညှိထားသောညဖြစ်သဖြင့် ဒီပဝါလီဟု ခေါ်ဆိုခြင်းဖြစ်ပါတယ်...
.
#Credit #Diwali #gas #paramilpg #happy. .